ချောင်းဆုံမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးလုပ်ငန်း နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ နိုဝင်ဘာ ၁၀

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသု တိုးပွားစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီက နတ်မှော် (မူလွန်) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာက အသိပညာဗဟုသတတိုးပွားရေး ပညာသင်ယူစဉ်ကာလအတွင်း သိရှိထားသင့်သည့် အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းများ ဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ကလေးစစ်သားပပျောက်ရေး  အသိပညာပေးနံရံကပ်စာစောင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)