ကျိုက်မရော နိုဝင်ဘာ ၁၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူများအား စားသုံးဆီတစ်ပိသာလျှင် ငါးထောင့်တစ်ရာကျပ်နှုန်းဖြင့် လူတစ်ဦးလျှင်တစ်ပိသာနှုန်းဖြင့် အပတ်စဥ် သောကြာနေ့တိုင်းရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီက အထရံရပ်ကွက် အခွန်လွတ်စျေး၌ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ စားသုံးဆီများရောင်းချရာစျေးသို့ မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများက ဆီရောင်းဝယ်နေမှုများအား ကြည်ရှုစစ်ဆေးကာ သတ်မှတ်ရက်များ၌ ပုံမှန်အတိုင်းဆက်လက်ရောင်းချပေးရေး မှာကြားခဲ့သည်။
ယနေ့အခွန်လွတ်စျေး၌ ဆီပိသာ ၃၀၀ ကို ပြည်သူများလက်ဝယ်အရောက်ဖြန့်ဖြူး ရောင်းချ ပေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)