ကျိုက်မရောမြို့တွင် ဘူးသီးစီးပွားဖြစ်စိုက်ပျိုးသူများ စျေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုး

ကျိုက်မရော   ဇန်နဝါရီ  ၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြကုန်းကျေးရွာအတွင်းရှိ ဆောင်းရာသီ သီးနှံဖြစ်သည့် ဘူးသီးကို စီးပွားဖြစ်စိုက်ပျိုးလာကြရာ ယခုနှစ် ဆောင်းရာသီ၌ ဘူးသီးစျေးကောင်းပြီး အထွက်နှုန်း လည်းကောင်းသဖြင့်  မိသားစု အပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

ဘူးသီးကို နိုဝင်ဘာလဆန်းပိုင်း မြေအစိုဓာတ်ရှိချိန်မှာ ဘူးစေ့လေးများကို ပျိုးအိတ်များဖြင့် စတင်ပျိုးထောင်ကာ တစ်လကြာလျှင်အညွန့်လေးများ တက်လာပါက စင်တင်ပေးရကြောင်း ဘူးသီးများများ စင်ပေါ်မှာ တင်နိုင်အောင် ဝါးဖြင့်ခိုင်ခံအောင် စင်ဆောက်ပေးရပြီး အသီးကင်းလေးများကို ပိုးမထိုးစေရန် ပျားဆေးဖြန်းပေးရကြောင်း ပျားဆေးမဖြန်းနိုင်ပါက ဘူးသီးများကင်းစတွင် ပုပ်တတ်ကြောင်း ဘူးသီးအကင်းမှစပြီး ဂရုစိုက်ကာ ပိုးကောင်းများကိူ ဖယ်ရှားပေးရကြောင်း ဘူးသီးစိုက်ပျိုးပြီး တစ်လခွဲအကြာတွင် ဘူးသီးများ စင်ပေါ်တွင် ခူးမနိုင်အောင်ထွက်ရှိပြီး  ယခုလတွင်စျေးကောင်းပြီး တစ်လုံးလျင် နှစ်ထောင်ကျပ်မှ သုံးထောင်ကျပ်အထိ စျေးများတွင်ဖောက်သည်သွင်းရကြောင်း ဘူးသီးတစ်ခါခူးလျှင် အလုံးရေ ၂၅ လုံးထိ ခူးရကြောင်း ဘူးသီးတစ်ကြိမ်ခူးလျှင် ဝင်ငွေ လေးသောင်းကျော်ရရှိသဖြင့် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလျှက်ရှိကြောင်း ဘူးသီးစီးပွားဖြစ် စိုက်ပျိုးသူ ဦးစောလှ ၏ ပြောပြချက်အရ သိရသည်။

မိချို  (ကျိုက်မရော)