မွန်ပြည်နယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်ပညာရေး ဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၁၀/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ မော်လမြိုင်ပညာရေးဒီဂရီကောလိပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ်(၁၀/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

မုဒုံမြို့၌ မျက်စိအမြင်အာရုံအားနည်းသော ကျောင်းသား/သူများအား မျက်မှန်များပံ့ပိုးပေးအပ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာသင်ကျောင်းအခြေပြု မျက်စိအမြင်အာရုံအားနည်းသော ကျောင်းသား/သူများအား မျက်မှန်များပံ့ပိုးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သင်္ဘောဦးကျောင်းခန်းမ၌ ကျင်းပသည်။

ချောင်းဆုံမြို့နယ်တွင် အခြေခံမွေးမြူရေးပညာပေး သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသည့်   ပြည်သူများအနေဖြင့် မွေးမြူနိုင်ရေးလုပ်ငန်းများကို စနစ်တကျပြုလုပ်နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခြေခံမွေးမြူရေးပညာပေးသင်တန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ (၂)ရက်ကြာ  ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ဖွင့်လှစ်အသိပညာပေးခဲ့ကြောင်း သိရသည်။

ရွာဓလေ့ အလှူအတန်းများမှသည် ထုတ်ကုန်တစ်ခုအဖြစ် ဖန်တီးလာနိုင်သည့် "ရွှေယောက်ဖ" ရိုးရာကပျာကယာမုန့် လုပ်ငန်း

မြန်မာတို့၏ အလှူအတန်းများ၊ ဧည့်ခံပွဲများတွင် မုန့်မျိုးစုံတို့မှာ မပါမဖြစ် အချိုပွဲများအဖြစ် တည်ခင်းဧည့်ခံလေ့ရှိကြပါသည်။ နေ့စဉ်လူမှုဘဝတွင် လူကြီး၊ လူငယ်၊ ကလေး အားလုံးတို့မှာ စားသောက်ဖွယ်ရာ မုန့်အမျိုးမျိုးတို့ကို စားသုံးလျက်ရှိကြသည်။ လက်ရှိအချိန်တွင် ပြည်ပမှ အစားအသောက်နှင့် မုန့်မျိုးစုံတို့မှာ နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်လျက်ရှိသည်။ ဝိသမလောဘသားတို့ တရားမဝင် တင်သွင်းဖြန့်ချိသည့် မုန့်အများစုတို့မှာ ဓာတုဆိုးဆေးများဖြင့် ပြုလုပ်ထားခြင်းဖြစ်ရာ စားသုံးသူတို့အတွက် ကျန်းမာရေးအန္တရာယ် အလွန်ကြီးလှပေသည်။

မုဒုံမြို့၌ မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်မည့် မြေနေရာအားကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၂)ရပ်ကွက်ရှိ ကွင်းအမှတ်-၈၄၄(ခ)တွင် မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်လျာထားသည့် မြေနေရာသို့ ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့နယ် ရေပိုင်းကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကျေးလက်နှင့်မြို့ပြဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေး၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦး‌​​အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ်၊ ရေပိုင်းကျေးရွာများရှိ ကော့ပေါက်ကျေးရွာ၊ ကော့စိန်ကျေးရွာနှင့်​ ကောတွန်ကျေးရွာများသို့ရောက်ရှိပြီး ရှေးဦးစွာ ကော့ပေါက်ကျေးရွာရှိ မတ်ပဲ၊ မြေပဲ၊ နေကြာ(၂၄၂၁)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကော့စိန်၊ ကော့ပေါက်၊ ကော့တွန်ကျေးရွာများရှိ ဆီထွက်သီးနှံ၊ ဉယျာဉ်ခြံသီးနှံ စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ ကော့တွန်ကျေးရွာ၏ သီနှံစိုက်စွမ်းအား(၁၉၅)ရာခိုင်နှုန်း၊ ကော့ပေါက်ကျေးရွာ၏ သီးနှံစိုက်စွမ်းအား(၁၈၇)ရာခိုင်နှုန်း၊ ကော့စိန်ကျေးရွာ၏ ကိုင်း၊ ကျွန်း၊ ဥယျာဉ်မြေ(၇၅၈)ဧကတွင် ကွမ်း၊ အုန်းသီး၊ ငှက်ပျော်နှစ်ရှည်သီးနှံများ အောင်မြင်ဖြစ်ထွန်းမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်နှင့် မြေဩဇာများရရှိရေး၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးတို့ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်းပြောကြားသည်။

ကျိုက်မရော၌ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(book club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”လူငယ်နှင့် ပညာဆိုင်ရာစာစု စာအုပ်ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့ အ.ထ.က (ကွေ့ဝမ်း) စာသင်ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ် လူရွယ်များ အသိပညာဗဟုသုတများပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက အ.ထ.က (ကွေ့ဝမ်း) စာသင်ကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to မွန်ပြည်နယ်