မွန်ပြည်နယ်

ဘီးလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ အားကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ အခမဲ့စမ်းသပ်ကုသပေးခဲ့သည်။

ကျိုက်ထိုမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်ခံစားခွင့်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်‌ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်ခံစားခွင့် လာရောက်ထုတ်ယူရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့သည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ချောင်းဆုံမြို့နယ် ရွှေမြင့်မိုရ်တောင် ကိုးခန်းကြီးမဟာမြတ်မုနိဘုရားတွင် ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များမှ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ရွှေမြင့်မိုရ်တောင် ကိုးခန်းကြီးမဟာမြတ်မုနိဘုရားတွင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။

သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က သထုံခရိုင်ပြည်သူ့ဆေးရုံကြီးအရှေ့ရှိ လူနာစောင့်နားနေဆောင်၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

မွန်ပြည်နယ် မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ် (ခွဲ) ၌ အခမဲ့စမ်းသပ်စစ်ဆေးပေးသည်။

ချောင်းဆုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ခွဲ) တွင် အငြိမ်းစားပင်စင် ထုတ်ယူသူများအား ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အားဖြည့်အစားအစာများထောက်ပံ့

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစားပင်စင်) လာရောက်ထုတ်ယူသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းနှင့် အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၇) နာရီအချိန်က ချောင်းဆုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ခွဲ) တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်အား အများပြည်သူ အလုပ်ပိတ်ရက်တွင် ဘုရားဖူးပြည်သူ (၃၀၀၀၀)ကျော် ဘုရားလာရောက်ဖူးမြော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့မှစ၍ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပခဲ့ရာ ယမန်နေ့ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည့် (စနေ/တနင်္ဂနွေ) နေ့တွင် ပြည်တွင်း၊ပြည်ပမှ ဘုရားလာရောက်ဖူး‌မြော်ကြသူ သုံးသောင်းကျော်ရှိကြောင်း သိရသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၊ မြို့နယ်အမျိုးသမီးများ အသင်း (Woman Club) နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်စေရန် အိမ်ခြေ(၁၇၀၀)အား အိုးအိမ်များအားဖြည့်ပြင်ဆင် မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်ပေး

မွန်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက ကြံ့ခိုင်မှုရှိစေရန် နေအိမ်များအားဖြည့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to မွန်ပြည်နယ်