ချောင်းဆုံ ဇန်နဝါရီ ၂၂
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစားပင်စင်) လာရောက်ထုတ်ယူသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းနှင့် အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၇) နာရီအချိန်က ချောင်းဆုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ခွဲ) တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချောင်းဆုံမြို့နယ် မြန်မာ့စီးပွားရေးဘဏ် (ခွဲ) တွင် လစဉ် (၂၂) ရက်နေ့မှစတင်၍ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) ပင်စင်ငွေများ ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူသူ (၁၂၅၃) ဦးခန့်ရှိကြောင်း၊ ပင်စင်ငွေ လာရောက်ထုတ်ယူသူများအား မြိုနယ်ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေး ကုသပေးခြင်းများကို (အခမဲ့) ဆောင်ရွက်ပေးခြင်းနှင့် အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)