ချောင်းဆုံ ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်တွင် ဆရာတော်၊ သံဃာတော်များမှ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ရွှေမြင့်မိုရ်တောင် ကိုးခန်းကြီးမဟာမြတ်မုနိဘုရားတွင်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် ဩဝါဒတရားတော်များနာယူ ခဲ့ကြပြီးနောက် ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းကို ဆရာတော်များမှ ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ဥပ္ပါတသန္တိဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်းကို ဇန်နဝါရီ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ (၃) ကြား ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)