ကျိုက်ထို ဇန်နဝါရီ ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် တည်ရှိသည့် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်နေ့မှစ၍ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ကျင်းပခဲ့ရာ ယမန်နေ့ အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည့် (စနေ/တနင်္ဂနွေ) နေ့တွင် ပြည်တွင်း၊ ပြည်ပမှ ဘုရားလာရောက်ဖူးမြော်ကြသူ သုံးသောင်းကျော်ရှိကြောင်း သိရသည်။
အဆိုပါဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အန္တရာယ်ကင်းဝေးစေရန်နှင့် စိတ်ချမ်းမြေ့စွာဘုရားဖူးမြှော်နိုင်ရန်အတွက် ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုလို ဘုရားဖူးများလာရောက်သည့်အတွက် ကျိုက်ထီးရိုးရင်ပြင်တော် ဈေးဆိုင်တန်းတစ်လျှောက်ရှိ ထမင်းဆိုင်များ၊ အမှတ်တရအရောင်းဆိုင်များ၌ ဘုရားဖူးများဖြင့် စည်ကားနေသည့်အပြင်၊ တည်းခိုဆောင်များ၌လည်း တည်းခိုနေထိုင်သူ များပြားလျက်ရှိကြောင်း ဂေါပကအဖွဲ့မှ သိရသည်။
ကျိုက်ထို (ပြန်/ဆက်)