အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကျိုက်မရော ဇန်နဝါရီ ၂၂

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ. ဦးကျော်စိုးဦး၏ ကြီးကြပ်မှုဖြင့် ​ကျန်းမာရေးဦးစီးဌာနမှ ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ဇင်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ဆီးချို၊သွေးတိုး၊ နှလုံးရောဂါစသည့် အခြေခံကျန်းမာရေးများကို စမ်းသပ်ပေးခြင်း၊ စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများအခမဲ့ပေးခြင်းများကို အငြိမ်းစားပင်စင်လစာထုတ်ပေးသည့်ရက်များ၌ နေ့စဥ်နံနက် ၈ နာရီမှ စတင်ကာ ၁၂ နာရီအထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ကျန်းရေးစောင့်ရှောက်ပေးခြင်းကို လစဥ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးလာရောက်စစ်ဆေးသည့် ပင်စင်စားများအား မြို့နယ်စီမံအုပ်ချုပ်းရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကအာဟာရများ ကျွေးမွေးပြီး ခေါက်ဆွဲခြောက်ထုပ်များနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိချို