မွန်ပြည်နယ်

ပေါင်မြို့နယ်၌ ယစ်မျိုးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအား ကြော်ငြာခြင်းမပြုလုပ်ရန် ရှင်းလင်းပြောကြားခြင်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယစ်မျိုးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအား ကြော်ငြာခြင်းမပြုလုပ်ရန် ရှင်းလင်းပြောကြားခြင်းကို ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရထောက်ပံ့ပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက  ကျိုက်ထိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ငွေကြေးခဝါချမှုနှင့် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ကျွမ်းကျင်သင်တန်းနှင့်စပ်လျဉ်း၍ ထပ်မံရှင်းလင်း

ပေါင်မြို့နယ်၌ ငွေကြေးခဝါချမှုနှင့်ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ကျွမ်းကျင်သင်တန်းနှင့်စပ်လျဉ်း၍ ထပ်မံရှင်းလင်းပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

မော်လမြိုင်မြို့၌ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မော်လမြိုင်မြို့ သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်း၍ ယနေ့ခေတ်ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

မုဒုံမြို့၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံ ၁၁၂၁ ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် တောင်သူများက ဆီထွက်သီးနှံ နေကြာ၊ မြေပဲ၊ နှမ်း (၁၁၂၁) ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာဖြစ်စေရေး အိုးအိမ်များ အားဖြည့်ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့်နေအိမ်များ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သည့် နေအိမ်များဖြစ်စေရန်အတွက် အိုးအိမ်များအားဖြည့်ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို ဇန်နဝါရီလ(၁၉)ရက်နေ့မှယနေ့အထိ ဆောင်ရွက်ခဲ့သည်။

သထုံမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သံဖြူဇရပ်မြို့၌ အငြိမ်းစားနိုင်ငံဝန်ထမ်းများအား ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့မှ စတင်ထုတ်ပေးလျက်ရှိပြီး နေ့စဥ်နံနက် ၇ နာရီမှ မွန်းလွဲ ၂ နာရီအထိ ထုတ်ပေးလျက်ရှိသည်။
Subscribe to မွန်ပြည်နယ်