သံဖြူဇရပ်မြို့၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

သံဖြူဇရပ် ဇန်နဝါရီ ၂၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းသူ‌ကျောင်းသားများက မင်္ဂလာပါသီချင်းဖြင့်ဖွင့်လှစ်ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်အေးက ပညာရေးစုံညီပွဲတော်ကျင်းပ ရခြင်း၏ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်း ပညာရေးကဏ္ဍ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က လူရည်ချွန်ဘက်စုံထူးချွန်ဆု၊ ၂၀၂၂ - ၂၀၂၃ ခုနှစ် တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့ကြသည့် ၆ ဘာသာနှင့် ၅ ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆု၊ ကျောင်းနှင့် ဝန်းကျင်စိမ်းလန်း၍သန့်ရှင်းစိုပြေဆု၊ အင်္ဂလိပ်စာ စွမ်းရည်နှင့် သင်္ချာစွမ်းရည်ဆု၊ စသည့်ကဏ္ဍအလိုက် ဆုရရှိခဲ့ကြသည့် ကျောင်းများနှင့် ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား ကျောင်းသူများက ဖျော်ဖြေရေးအကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည်။ အခမ်းအနား အပြီးတွင် တက်ရောက်လာသူများမှ ပြသထားသည့်သင်ထောက်ကူပြခန်းကို လေ့လာကြည့်ရှု ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)