ပေါင် ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယနေ့၊ နံနက်ပိုင်းက ပေါင်မြို့နယ်၊ မုတ္တမတိုက်နယ်ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇာနည်းအောင် ကျန်းမာရေးဝန်ထမ်းများက (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက် (၅၀) နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးခဲ့ကြသည်။
အဆိုပါထိုးနှံရာတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း (၁၅၀) ဦးတို့အား ထိုးနှံပေးခဲ့ပြီး မြိုနယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ပူးပေါင်းပံ့ပိုးဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)