ပေါင် ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နေ့လယ်က ဒေးကင်းကျေးရွာ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆေးထိုးနှံပေးရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်က နွေရာသီမရောက်ခင် ခွေးရူးရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဒေးကင်းကျေးရွာအုပ်စု အတွင်းရှိမွေးမြူထားသောခွေး အကောင် (၃၀) အား ခွေးရူးပြန်ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးအား တစ်အိမ်တက်ဆင်းထိုးနှံပေးခဲ့သည်။
ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော အသက်ဆုံးရှုံးစေသည့် ရောဂါဖြစ်သည်။ ခွေး၊ ကြောင်၊ မြွေပါ၊ ခွေးအနှင့် မြေခွေးတို့တွင် ကူးစက်ပြန့်ပွားတတ်သောကြောင့် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)