ကျိုက်မရော ဇန်နဝါရီ ၂၄
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၌ ၂၀၂၄ ခုနှစ် သန်းခေါင်းစာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ရှင်စောပုရပ်ကွက် (၁) ၌ စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်နှင့် ဝန်ထမ်းများက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်း ကောင်ယူရေးအတွက် အမှတ် (၁) ရပ်ကွက်မှ စတင်၍ လူနေ/ လူမနေအဆောက်အအုံများအား Mobile Tablet အသုံးပြု၍ သတ်မှတ် Software အသုံးပြုကာ မှတ်တမ်းကောက်ယူလျက်ရှိသည်။
ယနေ့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဦး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်မှူး၊ရပ်ကွက် စာရေးများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ဇန်နဝါရီ ၂၃ ရက်မှ မတ်လကုန်အထိ ကောက်ကွက် ပေါင်း ၁၇ ကွက်အား ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မိချို (ပြန်/ဆက်)