ပေါင် ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်ရပ်ကွက် (၄) ခုနှင့် ဇင်းကျိုက်မြို့ရပ်ကွက် (၄) ခုတို့တွင် စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း Census Unit (သန်းခေါင်းစာရင်းယူနစ်) အဆောက်အအုံစာရင်းသွင်းခြင်း ဆောင်ရွက်ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှုးရုံးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပေါင်မြို့နယ်ရပ်ကွက် (၄) ခုနှင့် ဇင်းကျိုက်မြို့ ရပ်ကွက် (၄) ခုတို့တွင် စတင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းကောက်ယူခြင်းလုပ်ငန်းအတွက် တိုင်းဒေသကြီး/ ပြည်နယ်များသို့ မြို့ပြရပ်ကွက်များတွင် သန်းခေါင်းစာရင်းယူနစ်များ (Census Unit) ရေးဆွဲခဲ့ပြီး အဆောက်အဦများ၏ တည်နေရာ၊ အရေအတွက်၊ အမျိုးအစား၊ အသုံးပြုမှုနှင့် လူနေထိုင်သောအိမ်ထောင်စု အရေအတွက်တို့ကို မှတ်တမ်းတင်သိရှိနိုင်ရန် အဆောက်အအုံ စာရင်းတင်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက် (၈) ခုအား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)