ကျိုက်မရောမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကျိုက်မရော ဇန်နဝါရီ  ၃၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်သောင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ရန်မျိုးအောင်ရပ်ကွက်ရှိ နေအိမ်များ၌ မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှုနှင့် မီးလောင်မှုများမဖြစ်ပေါ်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌  မီးသတ်ဦးစီးမှူးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်းအဖွဲ့များက ရပ်ကွက်နေပြည်သူများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခြင်း၊ အိမ်တိုင်း အရေးပေါ်မီးသတ်ဆေးဘူးထားရှိရန် စည်းရုံးတိုက်တွန်းခြင်းနှင့် နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချမှုရှိ/မရှိတို့ကို လိုက်လံကြည့်ရူစစ်ဆေးခဲ့ကြောင်း သိရသည်။

မိချို(ပြန်/ဆက်)