မွန်ပြည်နယ်

မုဒုံမြို့၌ ဒေသထွက် ဓနိဖက်များ အရောင်းသွက်လာသည့်အတွက် လုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းရရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓနိဖက်များကို ကတုံးပေါ်၊ ဘလောက်ညောင်ဝိုင်း၊ ကင်း ချောင်း၊ ဝဲကလိ၊ ကမာအုပ် ကျေးရွာများမှ အများဆုံးထွက်ရှိပြီး ယခုအချိန်တွင် ဓနိဖက်များ အရောင်းသွက်လာကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်တက္ကသိုလ်၌ အခြေခံစားသောက်ကုန် ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုအား ကြည်ရှုအားပေး

မွန်ပြည်နယ်အတွင်း ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများက ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၊ ဌာနဆိုင်ရာများပူးပေါင်းပြီး ပြည်သူများအတွက်သက်သာသောနှုန်းထားများဖြင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချခြင်းကို မတ်လ(၅)ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဝင်းအတွင်း၌ ရောင်းချ‌ပေးလျက်ရှိသည်။

နှစ် (၅၀) ပြည့်ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ နှစ် (၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန်က ကျိုက်မရောမြို့ မြို့မဘောလုံးအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သည်။

မော်လမြိုင်မြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးအန္တရာယ် ကြိုတင်စစ်ဆေးမှုများဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲများကျင်းပပြုလုပ်မည့် စာစစ်ဌာနများ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့မွန်းလွဲပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျိုက်မရောမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၃၃၇)ဦး ဝင်ရောက်ဖြေဆို

မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန တစ်ခုထဲ၌ ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၃၃၇) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

မုဒုံမြို့၌ ဒေသထွက် ဓနိဖက်များ အရောင်းသွက်လာသည့်အတွက် လုပ်သားများ အလုပ်အကိုင် အခွင့်အလမ်းရရှိ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဓနိဖက်များကို ကတုံးပေါ်၊ ဘလောက်ညောင်ဝိုင်း၊ ကင်း ချောင်း၊ ဝဲကလိ၊ ကမာအုပ် ကျေးရွာများမှ အများဆုံးထွက်ရှိပြီး ယခုအချိန်တွင် ဓနိဖက်များ အရောင်းသွက်လာကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်၌ ရိုးရာခြင်းခတ်နည်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ရိုးရာခြင်းခတ်နည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံရှေးဦးပြုခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ( ၅ ) နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။ရှေးဦးစွာ ပြည်နယ်ကြက်ခြေနီ သူနာပြုပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်က ရှေးဦးပြုစုခြင်း ဘာသာရပ်ဆိုတာ ယခင်က တစ်အိမ်လျှင် တစ်ယောက်တတ်မြောက်ထားရမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လူတိုင်း တတ်မြောက်ရမည်ဖြစ်သည့်အတွက် လူတိုင်း တတ်မြောက်အောင် သင်ကြားကြဖို့ လိုအပ်ပါကြောင်း အမှာစကား ပြောကြားသည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်အခြေခံပညာဦးစီးဌာနမှ မုဒွန်းကျေးရွာ မီးဘေးသင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများအား ထောက်ပံ့ငွေပေးအပ်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းကျေးရွာတွင် လွန်ခဲ့သည့်ဖေဖော်ဝါရီ(၂၀)ရက်နေ့က ဘတ္ထရီအိုးပေါက်ကွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်(၁၉)လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီးနေအိမ်မီးဘေးသင့်ခဲ့ရသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများအား မြို့နယ်အခြေခံပညာဦးစီးဌာန ဝန်ထမ်းမိသားစုမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို မတ်လ (၄)ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်