မွန်ပြည်နယ်

ကျိုက်မရောမြို့နယ်တွင် ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုး စုံစိုက်ပျိုးသူများ မိသားစုဝင်ငွေတိုး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မြကုန်းကျေးရွာတွင် ရာသီအလိုက်ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးရောင်းချသူများ မိသားစုဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၄၂) ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရိယတ္တိ စာမေးပွဲအတွက် ဖြည့်ဆည်း ကုသိုလ်ယူ

(၄၂)ကြိမ်မြောက် မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရိယတ္တိစာမေးပွဲကို ၁၃၈၅ - ခုနှစ် ၊ တပို့တွဲလဆုတ်(၁၄)ရက်နေ့ မှ တပေါင်းလဆန်း (၄)ရက်နေ့ထိ မော်လမြိုင်မြို့၊ သာသနာ (၂၅ဝဝ) ရာမညဓမ္မဗိမာန်တွင် ကျင်းပပြုလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ လေးထပ်ရာမည သာသနာ့ဗိမာန်တော်ကြီး၌ ရာမညဓမ္မာစရိယအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ကြီးမှ စာမေးပွဲကြီး ကျင်းပပြုလုပ်ရသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းမြွက်ကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့ကာ ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ပရိယတ္တိစာမေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းကုသိုလ်ယူ ဆောင်ရွက်ပေးခဲ့သည်။

သထုံမြို့နယ်၌ နွေရာသီကျောင်းပိတ်ရက် အ‌ခြေခံပိုက်ကျော်ခြင်း သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ (၂) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ‌ ပြုလုပ်သည့် နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံ ပိုက်ကျော်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နှစ်(၅၀)ပြည့်ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင် ကျိုက်မရောလမ်း၊ အပိုင်း (၂) လမ်းသစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ် မတ်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင် ကျိုက်မရောလမ်း၊ အပိုင်း (၂) လမ်းဖွင့်ပွဲ အခမ်းအနားကို မတ် (၁၂) ရက်နေ့ နံနက်ပိုင်းက မော်လမြိုင် ကျိုက်မရောလမ်းပိုင်း၊ စီမံကိန်းရှင်းလင်းဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။

မော်လမြိုင်မြို့၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားပေး

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်းကို မတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းက (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုပြီးစီး

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းများတွင် (Grade-12) ပညာသင်ယူနေသည့် ကျောင်းသား၊ သူများအနေဖြင့် (၂၀၂၄) ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ (Grade-12)ကို ယမန်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ချောင်းဆုံ(အ.ထ.က) စာစစ်ဌာနတွင် (အင်္ဂလိပ်စာ)ဘာသာရပ်ကို ကျောင်းသား၊ သူများ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (အင်္ဂလိပ်စာ) ဘာသာရပ် ဖြေဆိုပြီးစီး

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝှမ်း၌ အင်္ဂလိပ်စာဘာသာရပ် ဒုတိယနေ့ကို တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် လာရောက်ဖြေဆိုသူ (၉၅.၅၆%) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သထုံတွင် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စာစစ်ဌာနများ တွင် မတ်လ ၁၂ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade-12)စာမေးပွဲ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဆက်လက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို စာစစ်ဌာန (၃) ခု၌ ကျောင်းသား/ ကျောင်းသူများ ဖြေဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို စာစစ်ဌာန (၃) ခုတွင် ယနေ့နံနက်ပိုင်းက ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ကျိုက်မရောမြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဖြေဆိုနေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ (အ.ထ.က) ကျောင်း စာစစ်ဌာနသို့ သွားရောက်ပြီး (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာအား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ​ဖြေဆိုနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
Subscribe to မွန်ပြည်နယ်