မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓါတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား/ ကျောင်းသူများ ဆက်လက်ဖြေဆို

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓါတုဗေဒနှင့် ပထဝီဝင်ဘာသာရပ်ကို စာစစ်ဌာန (၃) ခုတွင် ယမန်နေ့နံနက်ပိုင်းက ကျောင်းသား/ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ရိုးရာခြင်းခတ်နည်းသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီက ရိုးရာခြင်းခတ်နည်းသင်တန်းကို ကျင်းပပြုလုပ်ခဲ့သည်။

သထုံမြို့၌ နွေရာသီ အခြေခံအားကစားသင်တန်းများဆင်းပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံအားကစားသင်တန်းများ ဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်က နန်းခဲရပ်ကွက်ရှိ ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်မည့် ဧရိယာအတွင်း ရေလွှဲလမ်းကြောင်းတွင်ပါဝင်သော မြေယာအတွက်လျော်ကြေး ငွေပေးအပ်

မွန်ပြည်နယ် မော်လမြိုင်မြို့အနီး မုဒုံမြို့နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဥ်ကွင်းအသစ်တစ်ခုနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ် တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရေလွှဲလမ်းကြောင်း (ညောင်ကုန်းချောင်း) စီမံကိန်းဧရိယာအတွင်းပါဝင်သော မြေဧရိယာအတွက် လျော်ကြေးငွေပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ရွှေဟင်္သာခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာတွင် ဆိုလာရေတင်စနစ် တပ်ဆင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မွန်ပြည်နယ် မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာတွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းဒေသများအတွက် ဆောင်ရွက်လျက်ရှိသည့် ဆိုလာရေတင်စနစ်တပ်ဆင်ခြင်း ဆိုလာစွမ်းအင်သုံး စိုက်ပျိုးရေရရှိရေးလုပ်ငန်းသည် ယခုအခါ ရာနှုန်းပြည့်ပြီစီးပြီးဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (ရွာလွတ်-ကတောင်စိန်တောင်ဖြတ်လမ်း၊ ကတ္တရာလမ်းသစ်) ဖွင့်ပွဲအခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ယနေ့ နံနက် (၉း၃၀) နာရီက (ရွာလွတ်-ကတောင်စိန် တောင်ဖြတ်လမ်း၊ ကတ္တရာလမ်းသစ်) ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သံဖြူဇရပ်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ပြုလုပ်

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ မွန်ပြည်နယ်၊ သံဖြူဇရပ်​မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူတို့ပူးပေါင်း၍ ယနေ့မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာသုတေသီဘုန်းမြင့်သွေးရေးသားသည့် သင့်ဘဝအောင်မြင်ရေးလှေခါးထစ်များစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

၂၀၂၄ခုနှစ် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့နယ် ကတိုး၊ ကော့နှပ်၊ ကော်လှာကျေးရွာများသို့ အဝင်လမ်းနှင့်တံတား ဖွင့်ပွဲအခမ်းအနား မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၅၀) ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့နယ် ကတိုး၊ ကော့နှပ်၊ ကော်လှာကျေးရွာများသို့ အဝင်လမ်းနှင့်တံတား ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် ကော့နှပ်ကျေးရွာလမ်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။

လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအတွက် အသင့်စားသုံးနိုင်သော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအား အသင့်စားသုံးနိုင်သော စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား စုပေါင်းပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်၊ တပ်နယ်မှူးရုံး (ဝဲကလိ) တွင် ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်တွင် မီးဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက်၊ မင်္ဂလာဈေး၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်