ပေါင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (အင်္ဂလိပ်စာ) ဘာသာရပ် ဖြေဆိုပြီးစီး

ပေါင် မတ်လ ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝှမ်း၌ အင်္ဂလိပ်စာဘာသာရပ် ဒုတိယနေ့ကို တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိရာ ပေါင်မြို့နယ်တွင် လာရောက်ဖြေဆိုသူ (၉၅.၅၆%) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါင်မြို့နယ်တွင် (အ.ထ.က) ပေါင် စာစစ်ဌာန၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုခွင့်ရှိသူ (၄၅၀) ဦးရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ (၄၃၀) ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အအေးဗူးများလည်း ပေးဝေသွားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)