မော်လမြိုင်မြို့၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားပေး

မော်လမြိုင် မတ် ၁၃

မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန် ထူးချွန်ထက်မြတ်သော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ဖွင့်လှစ် သင်ကြားပေးခြင်းကို မတ်လ (၁၁)ရက်နေ့ နံနက်ပိုင်းက (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရာတွင် မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မော်လမြိုင်မြို့နယ် ပန်းချီအသင်းဝင် ပန်းချီဆရာ ဦးမြင့်‌ဝေက ယခုသင်ကြားပေးသည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို တက်ရောက်ကြသော ကျောင်းသား၊ ကျေင်းသူများအနေဖြင့် ပန်းချီပညာကို အခြေခံမှစတင်၍ အလွယ်တကူ တတ်မြောက်သွားအောင် သင်ကြားပေးမှာဖြစ်ကြောင်း၊ သင်တန်းသား/သူများကလည်း သင်တန်းကာလအတွင်း ပျက်ရက်မရှိ တက်ရောက်စေလိုကြောင်း ပြောကြားသည်။ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဖွင့်လှစ်သည့် အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို (၁၁-၃-၂၀၂၄)ရက်နေ့မှ (၂၂-၃-၂၀၂၄)ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)