ကျိုက်မရော မတ် ၂၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ပညာရေးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက (အ.ထ.က) ကျိုက်မရော (ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။
ဦးစွာ ကျိုက်မရောမြို့နယ် ပညာရေးမှူး ဒေါ်စုစုဌေးက ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၁၄၁)ကျောင်းမှ ကျောင်းအုပ် ဆရာ၊ ဆရာမ (၂၈၂)ဦး ကျန်းမာရေး ဝန်ထမ်း (၂) ဦး၊ ပညာရေးဝန်ထမ်း(၂)ဦး စုစုပေါင်း
(၂၈၆)ဦး တို့တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂) ရက်ဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် ကျောင်းကျန်းမာရေး တာဝန်ခံဆရာမနှစ်ဦးတို့က ကျောင်းကျန်းမာရေး မှတ်တမ်းကတ်အသုံးပြုခြင်း၊ ကျောင်းသားအရွယ်ကလေးငယ်များ၏ ကြီးထွားဖွံဖြိုးမှုကို စစ်ဆေးခြင်း သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ သိကောင်းစရာများ အဝေးကြည့် မှုန်ခြင်းရှိ/မရှိစစ်ဆေးခြင်း သွေးလွန်တုပ်ကွေးရောဂါ နှိမ်နင်းရေစီမံချက်၊ ကျောင်း ကျန်းမာရေး မှတ်တမ်းကတ်အသုံးပြုခြင်း လုပ်ငန်းလမ်းညွန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ စသည့်ခေါင်းစဥ် (၈) မျိုးတို့ကို နံနက် (၉)နာရီ မှ ညနေ (၄)နာရီအထိနှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)