ချောင်းဆုံ မတ် ၂၁
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် (KG) ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် များတွင် ကဏ္ဍအလိုက် အချက်အလက်များဖြည့်သွင်းနိုင်ရန်အတွက် အခြေခံပညာဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းကာ ယနေ့နံနက် (၉) နာရီအချိန်က ချောင်းဆုံ (အ.ထ.က) ကျောင်း သီရိရတနာခန်းမတွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာ (ထက်၊ လယ်၊ မူ) ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ (၂၂၄) ဦး တက်ရောက်ခဲ့ပြီး ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်းလမ်းညွှန်၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း (ECCD) များ အကောင်အထည်ဖော်နိုင်ရေး လူထုပါဝင်လေ့လာခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းနည်းလမ်းများ စသည်တို့ကို သင်တန်းနည်းပြ (၄) ဦးတို့မှ မတ်လ (၂၁) ရက်နေ့မှ (၂၂) ရက်နေ့ထိ (၂) ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)