မွန်ပြည်နယ်

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကို မတ် ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောင်းဆုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း ကျောင်းဆင်းပဒေသာကပွဲနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းမှ ၂၀၂၃-၂၀၂၄ခု ပညာသင်နှစ် ကျောင်းသား/သူများ၏ ကျောင်းဆင်းပဒေသာကပွဲနှင့် ဂုဏ်ပြုလက်မှတ်ပေးအပ်ခြင်းကို ယမန်နေ့ နံနက်က အဆိုပါကျောင်းခန်းမတွင်ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ကွမ်လှာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်း အဆင့်တိုးမြှင့်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကွမ်လှာကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ လွယ်ကူချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာအလယ်တန်းကျောင်းမှ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းအဆင့် တိုးမြှင့်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက ကွမ်လှာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်း နဝရတ်ခန်းမတွင် ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်၊ ခရိုင် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာနက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ အခမဲ့စမ်းသပ်စစ်ဆေးပေးသည်။

မုဒုံမြို့အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူ ၂၄၀၀ ကျော်ကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးပြီးဖြစ်

နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဥ်(၇)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဥ်(၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုုပ် ဦးမြင့်အောင်နှင့်တာဝန်ရှိသူများ တက်ရောက်သည်။

မြို့နယ်အဆင့် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဗိုလ်တေဇခန်းမ၌ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေး မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း(ရွှေဥဩ)အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ပေါင်မြို့နယ်၌ ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်တွင် ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
Subscribe to မွန်ပြည်နယ်