ဘီးလင်း မတ် ၂၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက အ.ထ.က (ဘီးလင်း) ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ် ပညာရေးမှူး ဒေါ်ညွှန်ရီက ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၆၁ ကျောင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမနှင့် ကျန်းမာရေးတာဝန်ခံ ဆရာ၊ ဆရာမတို့က တစ်ကျောင်းလျှင် ၂ ဦးနှုန်းဖြင့် စုစုပေါင်း ၃၂၂ ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်လက်ထောက်ဆရာဝန်၊ ကျောင်းကျန်းမာရေး တာဝန်ခံဆရာဝန် ဒေါက်တာအိအိကျော်နှင့် နည်းပြဆရာ၊ ဆရာမ ၃ ဦးတို့က ကျောင်းကျန်းမာရေးမှတ်တမ်းကတ်အသုံးပြုခြင်း၊ ကျောင်းသားအရွယ် ကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှူကို စစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သိကောင်းစရာများ၊ အဝေးကြည့်မှုန်ခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ သွေးလွန်တုတ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးစီမံချက်၊ ကျောင်းကျန်းမာရေးမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်းလမ်းညွှန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ စသည့်ခေါင်းစဉ် ၈ မျိုးတို့ကို နံနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)