ဘူးသီးများ စီးပွားဖြစ်စိုက်ပျိုးကြပြီး စျေးကောင်းရရှိ၍ မိသားစုဝင်ငွေတိုး

ကျိုက်မရော မတ် ၂၀

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ခြံကုန်းကျေးရွာ၌ ဆောင်းရာသီ သီးနှံမျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြရာ ရာသီချိန် ဘူးသီးများစင်ထိုး၍စိုက်ပျိုးကြပြီး ယခုလိုအလှူအတန်းများသော တပေါင်းလရာသီ၌ ဘူးသီးဝယ်လိုအားကောင်းလျက်ရှိကြောင်း ဘူးသီးစီးပွားဖြစ်စိုက်ပျိုးသူ ဦးကျော်အောင်ထံမှ သိရသည်။

ဘူးသီးကို နိုဝင်ဘာလဆန်းတွင် မြေအစိုဓာတ်ရှိချိန်၌ ဘူးစေ့လေးများကို ပျိုးအိတ်များဖြင့် စတင်ပျိုးထောင်ကာ တစ်လကြာချိန်၌အညွှန့်လေးများ တက်လာပါက စင်တင်ပေးရပြီး အသီးကင်းလေးများသီးလာလျှင် စင်ခိုင်ခန့်မှုရှိစေရန် ဝါးများဖြင့် ဆောက်ပေးရကြောင်း အသီးကင်းလေးများပိုးမထိုးစေရန် ပျားဆေးဖြန်းပေးရကြောင်း ပျားသတ်ဆေးမဖြန်းနိုင်ပါက ဘူသီးစတင်ချိန်တွင် ပုပ်တတ်သဖြင့် ဂရုစိုက်ကာပိုးကောင်လေးများကိုဖယ်ရှားပေးနေရကြောင်း၊ စိုက်ပျိုးပြီး ၄၅ရက် ကြာလျှင် ဘူးသီးများစင်ပေါ်၌ခူး၍မကုန်အောင် ထွက်ရှိလာကြပြီး စတင်ခူး၍ဖောက်သည်ပေးရပြီး တစ်လုံးလျှင် နှစ်ထောင်ကျပ်မှ သုံးထောင်ကျပ်ထိစျေးရကြောင်း တစ်ကြိမ်ခူးလျှင် အလုံးရေ ၅၀ ထိခူးရကြောင်း သိရသည်။

ယခုချိန်၌ စပါးပေါ်ချိန်၊ပဲ၊နှမ်းမြေပဲများပေါ်ချိန်၌ တောင်သူများဝင်ငွေတိုးကာ ရှင်ပြုနားသအလှူများ ပေးချိန်ဖြစ်၍ အလှူအိမ်များ၌ ဘူးသီးကို ကြက်သားဖြင့်ရောချက်ကာ အလှူရက်မတိုင်မီ ကျွေးမွေးလေ့ရှိသဖြင့် ဘူးသီးရောင်းအားကောင်းသဖြင့် မိသားစုများဝင်ငွေတိုးလျက်ရှိကြောင်း ဘူသီးစီးပွားဖြစ်စိုက်ပျိုးသူ ဦးအောင်ကျော်ထံမှ သိရသည်။

 မိချို(ပြန်/ဆက်)