ချောင်းဆုံမြို့နယ်တွင် လတ်တလောနယ်မြေဒေသအခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား ထောက်ပံ့ငွေပေးအပ်

ချောင်းဆုံ ဧပြီ ၂၇

မွန်ပြည်နယ် ၊ ချောင်းဆုံမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင်   အခြားဒေသမှ လတ်တလောနယ်မြေဒေသအခြေအနေများကြောင့် ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို   ယနေ့(၃)နာရီက မုဒွန်းကျေးရွာပိဋကတ်တိုက်ဘုန်းတော်ကြီးကျောင်း၊ တောင်စွန်းကျေးရွာသဒ္ဓမ္ဓဓဇ  ဘုန်းတော်ကြီးကျောင်းနှင့် ရွာလွတ်ကျေးရွာ၊ မဟာဝိဟာရဘုန်းတော်ကြီးကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးဇော်နိုင်ဝင်းက လတ်တလော နေမြေဒေသအခြေအနေများကြောင်း ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူများအနေဖြင့်  နယ်မြေဒေသလုံခြုံအေးချမ်းသွားပြီးဖြစ်သည့်အတွက် မိမိတို့နေရပ်သို့ ပြန်လည်နေထိုင်လိုသူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပြီးဖြစ်ကြောင်း မိမိတို့နေရပ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရန်အတွက် လိုအပ်သည့်အကူအညီများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်ခြင်းကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယာယီနေရပ်စွန့်ခွာ လာရောက်နေထိုင်သူ(၄၀၄)ဦးအတွက် စုစုပေါင်း ငွေ(၈၄၈၄၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)