ပေါင် ဧပြီ ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အခြေခံဘင်ခရာသင်တန်း (၂/၂၀၂၄) နှင့် အခြေခံရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က (အ.ထ.က) ဇင်းကျိုက်၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ကြက်ခြေနီသူနာပြုပြည်နယ်တပ်ဖွဲ့မှူး ဦးကျော်မြင့်က ရှေးဦးပြုစုခြင်း ဘာသာရပ်ဆိုတာ ယခင်ကတစ်အိမ်လျှင် တစ်ယောက်တတ်မြောက်ထားရမည် ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် လူတိုင်းတတ်မြောက်ရမည်ဖြစ်သည့်အတွက် လူတိုင်းတတ်မြောက်အောင် သင်ကြားကြဖို့ လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က ဘင်ခရာသင်တန်းများ ဖွင့်လှစ်ခြင်းဖြင့် လူငယ်တွေအနေဖြင့် အတွေးအခေါ်မြင့်မားလာမည်ဖြစ်ပါကြောင်း ရှေးဦးပြုစုခြင်း သင်တန်းကိုတက်မြောက်ခြင်းဖြင့် လူပေါင်းများစွာ၏ အသက်ကိုကယ်နိုင်မည် ဖြစ်ပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပေါင်မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းနိုင် ကရှေးဦးပြုခြင်း တက်မြောက်ထားသည့်အတွက် မတော်တစ်ဆဖြစ်ပွားသည့် ဒဏ်ရာများပြားခြင်း၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့လာ၍အရေးပေါ်အခြေအနေများတွင် ရှေးဦးပြုခြင်းပညာဖြင့် အသုံးချ၍သက်ဆိုင်ရာ ဆေးရုံ၊ဆေးခန်းသို့ အချိန်မီရောက်ရှိအောင် ဆောင်ရွက်နိုင်ပါကြောင်း ပြောကြားခဲ့သည်။
(အ.ထ.က) ဇင်းကျိုက်ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဌေးက ကျေးဇူးတင်စကား ပြောကြားပြီး သင်တန်းတွင်ထူးချွန်စွာအောင်မြင်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများကပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းသို့သင်တန်းသူ/သင်တန်းသား (၃၈) ဦးက (၄) ရက်ကြာတက်ရောက်၍ ဘင်ခရာသင်တန်းကိုလည်း ရက် (၃၀) ကြာ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)