မုဒုံ မေ ၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သောက်သုံးရေလိုအပ်နေသော ရပ်ကွက်/ ကျေးရွာများထံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက သွားရောက်ပြီး ရေသယ်ယာဥ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးသည်။
ထိုသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းရာတွင် ညောင်ကုန်းကျေးရွာရှိ စိုက်ကွက် (၆) ရော်ဘာခြံတွင် ၂၀၀၀ လီတာ၊ ကျုံဖိုက်ကျေးရွာရှိ စိုက်ကွက် (၃)ရော်ဘာခြံတွင် ၅၀၀၀ လီတာ၊ တံခွန်တိုင်ကျေးရွာရှိ စိုက်ကွက် (၈) ရော်ဘာခြံတွင် ရေဂါလန် ၉၀၀၊ မြို့မ (၄) ရပ်ကွက်ရှိ အိမ်ခြေအိမ်ထောင်စုများထံ ရေဂါလန် ၉၀၀ နှင့် ပင်လယ်ဆိပ်ကမ်းအနီး ဘလောက်ညောင်ဝိုင်းကျေးရွာရှိ အိမ်ခြေအိမ်ထောင်စုများထံ ၆၀၀၀ လီတာကို သွားရောက်ဖြန့်ဝေလှူဒါန်းပေးခဲ့သည်။
မုဒုံမြို့နယ်တွင် အပူရှိန်မြင့်တက်လာသည်နှင့်အမျှ သောက်သုံးရေများ ပြတ်လပ်မှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် အရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက နေ့စဥ်ဖြန့်ဝေလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)