မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အဆင့် နွေရာသီလူငယ်အခြေခံပန်းချီသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် မေ ၈

၂၀၂၄ ခုနှစ်၊ ပြည်နယ်အဆင့် နွေရာသီလူငယ်အခြေခံပန်းချီသင်တန်းဖွင့်ပွဲ အခမ်းအနားကို ​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၀)အ​ခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းမာလာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသူ၊ သင်တန်းသား ကျောင်းသူ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အ​နေဖြင့် အရည်အချင်းမီ၊ အဆင့်အတန်းမီဘက်စုံလွှမ်းခြုံနိုင်​သော ပညာ​ရေးစနစ်ကို ​ဖော်​ဆောင်​ရာတွင် ​အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများ စာပေတွင်သာမက မြန်မာ့ပန်း (၁၀) မျိုး ပညာရပ်များအနက်မှ ပန်းချီပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ သဘာဝပတ်ဝန်းကျင်၏ အလှအပများ၊ မြန်မာ့အလှမြန်မာ့ရှုခင်းများကို တန်ဖိုးထားခံစားတတ်လာစေရန်တို့ကို ရည်ရွယ်၍ အခြေခံပန်းချီသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ပါ​ကြောင်း၊ အခြေခံပညာအဆင့်မှာ စာပေသင်ကြားရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးစတဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုစုပျိုး​ထောင်​ပေးကြရန်လိုအပ်သလို ကျောင်းသားလူငယ်လေးများကို ဗလငါးတန်ပြည့်ဝသော နိုင်ငံ့သားကောင်းများဖြစ်အောင် ​လေ့ကျင့်​ဆောင်ရွက်​ပေးကြရန်လည်း လို​အပ်​ကြောင်း၊ ကျောင်းသူ၊ ​ကျောင်းသား​လေးများအနေဖြင့် အခြေခံပန်းချီပညာရပ်မျာ ​လေ့လာဆည်းပူးပြီး အဆင့်ဆင့်​သော ပြိုင်ပွဲများမှာ ​အရည်းအချင်းပြည့်မီစွာ ဝင်​ရောက်ယှဉ်ပြိုင်နိုင်သည်အထိ ကြိုးစားသင်ယူသွားကြရန်၊ ခေတ်နဲ့အညီ ဖွံ့ဖြိုးတိုးတက်နေတဲ့ ပညာရပ်များကိုလည်း စဉ်ဆက်မပြတ် လေ့လာဆည်းပူးပြီး ထူးချွန်ထက်မြက်သည့် အနာဂါတ်သား​ကောင်းရတနာ၊ သမီး​​ကောင်းရတနာ​လေးများဖြစ်ကြ​စေရန် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကား​ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီလူငယ်အခြေခံပန်းချီသင်တန်းအတွက် ​ထောက်ပံ့ငွေများ ​ပေးအပ်ခဲ့ပြီး သင်တန်းသူ၊ သင်တန်းသား ​ကျောင်းသူ၊ ကျောင်းသား ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး လိုက်လံအား​ပေးနှုတ်ဆက်ခဲ့သည်။

ယင်း​နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နွေရာသီလူငယ်အခြေခံပန်းချီသင်တန်းတွင် ကျောင်းသူ၊ ကျောင်းသားများအား အခြေခံပန်းချီရေးဆွဲနည်း သင်ကြားပို့ချ​နေမှုအ​ပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပြည်နယ်အဆင့် နွေရာသီလူငယ်အခြေခံပန်းချီသင်တန်းကို မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အ​ခြေခံပညာ​ကျောင်းများမှ သင်တန်းသာ၊ သင်တန်းသူ(၁၈၄)ဦးဖြင့် သင်တန်းကာလ (၁၀) ရက်ကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)