ဘီးလင်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ ရေအခက်အခဲဖြစ်သည့်ပြည်သူများအားသောက်သုံးရေများလိုက်လံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။