ဘီးလင်းမြို့‌နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း

ဘီးလင်း မေ ၁၄

မွန်ပြည်နယ်၊ ဘီးလင်း​မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ ရေအခက်အခဲဖြစ်သည့်ပြည်သူများအားသောက်သုံးရေများလိုက်လံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းရာတွင် မွန်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဘီးလင်းမြို့နယ်ရုံးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရေအခက်အခဲဖြစ်သည့် ကန်သာယာရပ်ကွက်ရှိပြည်သူများထံသို့ သောက်သုံးရေ ဂါလံ ၃၂၀၀ ကို နေအိမ်များအရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

မြိုနယ် (ပြန်/ဆက်)