သံဖြူဇရပ် မေ ၁၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လုပ်ငန်းစဥ် ၃ ရပ်မှ ဘေးဒုက္ခကျရောက်သူများအား ကူညီသည့်လုပ်ငန်းအဖြစ် သံဖြူဇရပ်မြို့နယ်ကြက်ခြေနီအသင်းခွဲသည် သောက်သုံးရေလှူဒါန်းခြင်းနှင့် ရေပုံးများဖြန့်ဝေပေးခြင်းလုပ်ငန်းကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို အောင်ကုသိုလ်ရပ်ရှိ ကြက်ခြေနီရုံးမြေနေရာ၌ ဆောက်လုပ်ထားသည့် ရေဂါလံ ၂၀၀၀ ဆန့်ရေကန်မှရေများကို သောက်သုံးရေအခက်အခဲဖြစ်၍ လိုအပ်နေသော အောင်ကုသိုလ်ရပ်ကွက်နေပြည်သူများအား ဧပြီ ၇ ရက်နေ့မှစတင်၍ နေ့စဥ် ရေဂါလံ ၁၀၀၀ ကျော်ကို ဖြန့်ဝေလှူဒါန်းပေးလျက်ရှိပြီး ယနေ့တွင် သောက်သုံးရေ လိုအပ်သောအိမ်ထောင်စု ၁၅ စုသို့ ဒုတိယအကြိမ်အဖြစ် သောက်သုံးရေပုံး ၁၅ ပုံးကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးစိုးမင်းထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)