ဘီးလင်း မေ ၁၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း( Book Club)တို့ ပူးပေါင်း၍ စာရေးဆရာမောင်မြင့်ထွန်း ရေးသားသည့် “စာဖတ်ခြင်းအနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်(Book Club) အဖွဲ့ဝင် ဦးမင်းဦးက “စာဖတ်ခြင်းနှင့်အတွေးအမြင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Woman Club)အဖွဲ့ဝင် ဒေါ်ဌေးဌေးဝင်းက “စာဖတ်ခြင်းအနုပညာ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ( Youth Club) အဖွဲ့ဝင် ဒေါ်နန်းရတီလှိုင်က “စာဖတ်ခြင်းနှင့်အသိဥာဏ်” ခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသည့်စာပေချစ်သူများက စာအုပ်ပါအကြောင်းအရာများကိုအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ်၊ လူရွယ်များ စာဖတ်သည့်အလေ့အကျင့်ရှိလာစေရန်၊ စာပေမှရရှိသည့်အသိပညာဖြင့် သူတစ်ပါးအားမျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)