ချောင်းဆုံမြို့နယ်တွင် စီးပွားဖြစ်မျိုးသန့် မျိုးစေ့များထုတ်လုပ်ခြင်းနှင့် မျိုးစေ့ထုတ် စိုက်ခင်းများအတွက် နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်းနှင့် မျိုးစေ့ထောက်ပံ့ခြင်းများ ပြုလုပ်

ချောင်းဆုံ မေ ၁၃

ချောင်းဆုံမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ “လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့် သုံးကြစို့” ဆောင်ပုဒ်နှင့်အညီ တောင်သူများ စိုက်ပျိုးထုတ်လုပ်ရာတွင် စွမ်းရည်မြင့််မားလာစေရန်အတွက် ယနေ့နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် မိုးစပါးမျိုးစေ့များထောက်ပံ့ပေးခြင်းနှင့် စီးပွားဖြစ်မျိုးသန့်မျိုးစေ့ပွားများထုတ်လုပ်ခြင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်းများဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များဆိုင်ရာ နည်းပညာပေးသင်တန်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိဦးကျော်လွင်က အရည်အသွေးကောင်းမျိုးစေ့ စိုက်ပျိုးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများနှင့် မျိုးစေ့ထောက်ပံ့ပေးရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ခုနှစ် မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်နေသည့် တောင်သူ(၁၈)ဦး၏ မျိုးစေ့ထုတ်စိုက်ဧက(၈၀)ဧကအတွက် မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ကြပြီးနောက် နည်းပညာပေးသင်တန်း ဆွေးနွေးပို့ချခဲ့ကြသည်။

အဆိုပါ နည်းပညာပေးသင်တန်း ဆွေးနွေးပို့ချခြင်းကို မော်လမြိုင်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာန(မြေ/မျိုး/ပိုး) တာဝန်ခံ(၃)ဦးတို့မှ တောင်သူ(၁၈)ဦးတို့အား မေလ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိ (၃)ရက်ကြာ  သင်တန်းကို ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း  သိရသည်။

သူဇာ(ပြန်/ဆက်)