ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် စာဖတ်ဝိုင်းပြုလုပ်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် မေလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်သူများအသင်း(Book Club)တို့ပူးပေါင်း၍ စာရေးဆရာမောင်မိုးယံရေးသားသည့် “လူငယ်နှင့်အနာဂတ်ဘဝမြှင့်တင်ရေး”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။