ပေါင် မေ ၂၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမင်းညွန့်ဝင်းက ပေါင်မြို့နယ်၌ဖြစ်ပွားခဲ့သည့် လူအများစုအလိုက်ခွေးကိုက်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားမှုများအပေါ် ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့်ပေါင်းစပ်၍ ခွေးရူးပြန်ရောဂါကာကွယ်ထိန်းချုပ်ရေးကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်ဂျူးမြတ်ချယ်လင်းက ရပ်ကွက်၊ ကျေးရွာများအလိုက် ခွေးရူးပြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်ရဲအောင်က ခွေးရူးပြန်ရောဂါဖြစ်ပွားမှုမရှိအောင် ရပ်ကွက်/ ကျေးရွာများကို အိမ်တိုင်ရာရောက်သွားရောက်၍ ခွေးရူးကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခြင်းများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူးကလိုအပ်သည့်အကူအညီများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)