မော်လမြိုင်မြို့တွင် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနား ကျင်းပ

မော်လမြိုင် မေ ၂၁

အလုပ်သမား၀န်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များ ငွေလုံးငွေရင်း ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ် လူမှုဖူလုံရေး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အလုပ်သမား၀န်ကြီးဌာန ပြည်နယ်လူမှုဖူလုံရေးရုံးမှ ပြည်နယ်တာ၀န်ခံအရာရှိ ဦးဝင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး လူမှုဖူလုံရေးနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်ကို အသိပေးဆွေးနွေးခဲ့သည်။

ထို့နောက် Grand Royal Co,ltd မှ အာမခံအလုပ်သမား ဦးပြည့်စုံအောင်၏ အလုပ်တွင်ထိခိုက် သေဆုံးမှုအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်ငွေကျပ် (၁၅၀၀၀၀၀၀)ကျပ်ကို လည်းကောင်း၊ Myanmar CP Live Stock မှ အာမခံအလုပ်သမား ဒေါ်စုဇာနည်သိမ့်က မီးဖွားမှုအတွက် အကျိုးခံစားခွင့် ငွေကျပ်(၈၂၅၀၀၀)ကျပ်ကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးမှ အာမခံအလုပ်သမား ဒေါ်ကေဇင်ဝင်းမှ မီးဖွားမှုအတွက် အကျိုးခံစားခွင့် ငွေကျပ်(၃၂၅၂၀၀)ကို လည်းကောင်း၊ သံလွင်အေးကုမ္မဏီမှ အာမခံအလုပ်သမား ဒေါ်စုမြတ်ဖြိုးမှ မီးဖွားမှုအတွက် အကျိုးခံစားခွင့်ငွေကျပ်(၄၁၈၀၀၀)ကို လည်းကောင်း၊ သံလွင်အေးကုမ္မဏီမှ အာမခံအလုပ်သမား ဒေါ်စုစု() စုအေးငြိမ်းမှ  မီးဖွားမှုအတွက် အကျိုးခံစားခွင့်ငွေကျပ် (၄၁၅၅၂၀)ကို လည်းကောင်း တာဝန်ရှိသူများက ကာယကံရှင်လက်၀ယ်အရောက်ပေးအပ်ခဲ့ပြီး Grand Royal Co.Itd မန်နေဂျာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)