မော်လမြိုင်မြို့၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

မော်လမြိုင် မေ ၂၁

ကျောင်းသား၊ကျောင်းသူများ အပြောစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖက်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ စာကြည့်တိုက်ဖောင်ဒေးရှင်းမှတာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်း၊  အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းနှင့် ပါရမီကိုယ်ပိုင်အထက်တန်းကျောင်းမှ အလယ်တန်းနှင့်အထက်တန်း ​ကျောင်းသား၊ကျောင်းသူလေးများက ပြိုင်ပွဲ၀င်မည့်ခေါင်းစဉ်များအား မဲနှိုက်၍ကျရာခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖက်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျပန်းစကားပြောပြိုင်ပွဲကို ကျောင်းသား၊ကျောင်းသူ()ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုပေးပွဲအခမ်းအနားကို မေလ ၂၁ နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)