သံဖြူဇရပ် မေ ၂၁
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် တောင်သူများအား ၂၀၂၄ ခုနှစ် သီးနှံထုတ်လုပ်မှုဘဏ်ချေးငွေ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ဦးစွာ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်နန္ဒာအောင်က တောင်သူများအား ယခုနှစ်မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးပေးမည့်အစီအစဥ်များ ချေးငွေ ပြန်လည်ပေးသွင်းမည့်ကာလတွင် ကြွေးကျန်မရှိစေရေး ပြန်လည်ပေးဆပ်ရန် ပြောကြားသည်။
ဆက်လက်၍ တောင်သူများအားစိုက်ပျိုးစရိတ်ချေး ငွေထုတ်ချေးပေးရာ ယနေ့တွင် ကျေးရွာအုပ်စု (၂) စု၊ တောင်သူ (၁၅) ဦးအား (၆၁) ဧကကို ငွေကျပ်(၉၁•၅၀)သိန်း ထုတ်ချေးပေးခဲ့ပြီး ထုတ်ချေးရာတွင်လည်း မိုစပါးချေးငွေကိုတစ်ဧကလျှင် (၁၅၀၀၀၀ိ/-) နှုန်းဖြင့် တစ်ဦးလျှင် (၁၀) ဧကထိ ထုတ်ချေးပေးမည်ဖြစ်ပြီး အတိုးနှုန်းမှာ ငွေကျပ်(၁၀၀)လျှင်(၅)ရာခိုင်နှုန်းသို့ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားမှတ်ပုံတင်ကတ်ပါရှိမှသာ ထုတ်ချေးပေးမည်ဖြစ်ပြီး၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ကို (အပေါင်)ပစ္စည်းအဖြစ်ထားရှိရမည်ဖြစ်ပြီး၊ မိုးစပါးထုတ်ချေးပေးမည့်ကာလကို မေ ၂၀ ရက်နေ့မှစတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် မိုးစပါးချေးငွေကိုဧက (၆၇၃၅) ငွေကျပ် (၁၀၁၀၂•၅၀) သိန်းလျာထား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်နန္ဒာအောင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)