ပေါင် မေ ၂၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၄ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးခဲ့ရာ တောင်သူများအေးချမ်းစွာ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
ချေးငွေထုတ်ပေးရာတွင် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတာဝန်ခံ မန်နေဂျာဦးယဉ်ဌေးက ယခုနှစ်မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည်ပေးသွင်းရမည့်ကာလနှင့် အပြေအကျေပြန်လည်ပေးဆပ်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ပေါင်မြို့နယ်အတွင်းမှ မိုးနိုင်းရပ်ကွက်နှင့်နတ်မှော်ကျေးရွာရှိ တောင်သူ(၃၁)ဦးတို့၏ စိုက်ဧက(၂၆၈)ဧကအတွက် ချေးငွေကျပ်(၄၀၂)သိန်းကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။ စိုက်ပျိုးစရိတ်ချေးငွေယူမည့် တောင်သူများအနေဖြင့် ပုံစံ(၇)မူရင်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲသို့အပ်နှံမှသာ ချေးယူခွင့်ရရှိမည်ဖြစ်ကာ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)