မွန်ပြည်နယ်

(၂၅) ကြိမ်မြောက် ငွေရတုသဘင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ကြားရေးအဖွဲ့ ထူးချွန်ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ (၂၅) ကြိမ်မြောက် ငွေရတုသဘင် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်ကြားရေးအဖွဲ့ ထူးချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ရာမညနိကာယဟံသာထောကျောင်းတိုက်၌ ကျင်းပရာ အခမ်းအနားသို့ မွန်ဒေသလုံးဆိုင်ရာမွန်စာပေနှင့် ဗုဒ္ဓဘာသာယဥ်ကျေးမှု သင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် သြဝါဒဆရာတော်ကြီးများ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးတောင်သူနည်းပညာပေး ဆွေးနွေးပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးတောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပန်းကုန်းကျေးရွာနှင့် ကတွန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဘာသာစာမေးပွဲဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်ပေးအပ်ပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဘာသာစာမေးပွဲဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီက ဘီးလင်းမြို့နယ် မုသင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဆရာတော်အရှင်သူမြတ်များအား ဖူးမြှော်ကြည်ညို၊ အခြေခံလေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၁/၂ဝ၂၄) သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြနှင့်ကြီးကြပ်များအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား တက်ရောက်

တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ တံဆိပ်တော်၊ ဒွိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်တို့အား ချီးကျူးဂုဏ်ပြုပူဇော်ခြင်းနှင့် သက်တော်ထင်ရှား သုတဗုဒ္ဓအရှင်မြတ်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ တိပိဋက ကမ္ဘောဇကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ​ကျော်လင်း​မောင်၊ ပြည်နယ်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ကြသည်။

မုဒုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ကျင်းပသည်

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club)အဖွဲ့နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို မေလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်လုံးကျွတ်သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့်မော်လမြိုင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယနေ့က ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မုဒုံမြို့၌ အိမ်တွင်းလက်မှု ပညာရပ်တစ်ခုဖြစ်သည့် ဝါးခမောက်များ အရောင်းသွက်

မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံ-လက်တတ်ကျေးရွာတွင် အိမ်တွင်းလက်မှုပညာတစ်ရပ်ဖြစ်သည့် ဝါးခမောက်များကို တစ်နိုင်တစ်ပိုင် ပြုလုပ်ရောင်းချရာ ယခုနှစ် မိုးဦးကျကာလ၌ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။

မုဒုံမြို့၌ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မ (၄)ရပ်ကွက်ရှိ ကန်ကြီးမြန်မာသုဿာန်ဝင်းအတွင်း၌ ပြုလုပ်သည်။
Subscribe to မွန်ပြည်နယ်