မုဒုံ မေ ၂၆
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြို့မ (၄)ရပ်ကွက်ရှိ ကန်ကြီးမြန်မာသုဿာန်ဝင်းအတွင်း၌ ပြုလုပ်သည်။
ဦးစွာ မုဒုံမြို့နယ်တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက စိုက်ပျိုးမည့် လူထုဖြန့်ပျိုးပင်များကို ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/ ဆရာမများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများထံ ပေးအပ်ခဲ့သည်။
ထို့နောက် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန်၊ ရာသီဥတုအပူဒဏ်နှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ကျွန်း၊ ပျဥ်းကတိုး၊ မဟော်မနီ၊ မန်ဂျန်ရှား၊ အော်ရီရှား၊ စိန်ပန်းကြီး၊ ပျဥ်းမ၊ သင်္ကန်းအရိပ်ရပျိုးပင် စုစုပေါင်း ၁၀၀၀ ကို တက်ရောက်လာကြသူများက တပျော်တပါးစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)