ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာ (Grade-9) အောင်မြင်ပြီးသော ကျောင်းသား၊ကျောင်းသူများ တက်ရောက်နိုင်ရန် စက်မှု၊စိုက်ပျိုး၊မွေးမြူရေး အထက်တန်းကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျိုက်ထိုမြို့ ကော့စံနိုင်ရပ်ကွက် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။