ပေါင် မေ ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးတောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပန်းကုန်းကျေးရွာနှင့် ကတွန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲ၌ စိုက်ပျိုးရေးဦးစီးဌာန ပေါင်မြို့နယ်ဦးစီမှူး ဦးကျော်စွာလှိုင်က အဖွင့်အမှာစကားပြောကြား၍ သက်ဆိုင်ရာနယ်မြေတာဝန်ခံ ဒုတိယဦးစီးမှူ ဒေါ်ခင်နှင်းရီမှ စပါးတွင်ကျရောက်တတ်သောပိုးမွှားများအား ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကိုလည်းကောင်း၊ မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး နည်းလမ်းများကိုလည်းကောင်း၊ ဓာတ်မြေဩဇာများအား စပါးပင်သက်တမ်းအလိုက် ထည့်သွင်းအသုံးပြုရေးနည်းလမ်းများကိုလည်းကောင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ရေးနည်းလမ်းများကိုလည်းကောင်း၊ တောင်သူများနှင့် နှီးနှောဖလှယ်ဆွေးနွေးခဲ့သည်။
ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင်က လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲကို ပန်းကုန်းကျေးရွာနှင့် ကတွန်ကျေးရွာရှိ တောင်သူ (၃၀) ဦးနှင့် စိုက်ပျိုးရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)