ဘီးလင်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဘီးလင်း မေ ၂၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉) နာရီက ဘီးလင်းမြို့နယ် မုသင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘီးလင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခိုင်မွန်က ပျိုးပင်များကို ဘီးလင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်ခဲ့ရာ ဘီးလင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ရွာသူ/ရွာသားများက မန်ဂျန်ရှား (၂၇၀) ပင်၊ မဟော်ဂနီ (၂၇၀)ပင် စုစုပေါင်း (၅၄၀) ပင်တို့အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)