ပေါင်မြို့နယ်၌ (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဘာသာစာမေးပွဲဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်ပေးအပ်ပွဲပြုလုပ်

ပေါင် မေ ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၄) ကြိမ်မြောက် (၃၈) ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဘာသာစာမေးပွဲဆုချီးမြှင့်ခြင်းနှင့် အောင်လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်တို့က နမောတဿသုံးကြိမ်ရွတ်ဆိုပြီး (၅) ပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထင်လင်းအောင်က ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေကို စောင့်ထိန်းသောအနေဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာပေများကို သင်ယူတက်မြောက်ခြင်းသည် မင်္ဂလာရှိသည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများ ကြိုးစားစေချင်ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက်မြို့နယ် ပညာရေးမှူး ဒေါ်စန်းစန်းအေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို လျှောက်ထားတင်ပြခြင်း၊ မြို့နယ် YMBA ဥက္ကဋ္ဌမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဗုဒ္ဓဘာသာစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်းနှင့်‌ အောင်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)