မွန်ပြည်နယ်

ပေါင်မြို့နယ်၌ ကျောင်းအပ်နှံနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံ‌နေကြပြီး ယမန်နေ့  နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထင်လင်းအောင်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်လုံးကျွတ်၊ ကျောင်းအပ်နှံရေးအခမ်းအနား တက်ရောက်

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်အတိုင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပြည်နယ်လုံးကျွတ်၊ ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၊ ယင်းမာခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား/သူ (၂၂၉၈၂) ဦး ကျောင်းအပ်နှံပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်အတွက် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၃)ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ မေ(၂၈) ရက်နေ့တွင် အခြေခံပညာ (ထက်၊ လယ်၊ မူ) ကျောင်းသား/သူ စုစုပေါင်း (၂၂၉၈၂)ဦး ကျောင်းအပ်နှံ ပြီးစီးပြီဖြစ်၍ လျာထားချက်၏ (၉၀.၅၅)ရာခိုင်နှုန်း ကျောင်းအပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရွေ့လျားဒစ်ဂျစ်တယ်ဓာတ်မှန်စက်ဖြင့် တီဘီရောဂါ အခမဲ့ကွင်းဆင်းကုသပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ခေတ်မီရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီရောဂါ အခမဲ့ကွင်းဆင်းကုသပေးခြင်းကို ယနေ့နံနက် ၉ နာရီက ရှင်စောပုရပ်ကွက် အ.မ.က မူလွန်ကျောင်းခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ လာရောက်ပြသလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ ၂၈၉၉၄ ဦး ကျောင်းအပ်နှံပြီးစီး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေ ၂၃ ရက်နေ့က စတင်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈၉၉၄ ဦး ကျောင်းအပ်နှံပြီးစီးပြီဖြစ်သည်။

သထုံမြို့နယ်တွင် ကျောင်းအပ်နှံနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံ‌နေကြပြီး ယနေ့၊ နံနက်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

သထုံမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများပေးအပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း ၆ သင်းတို့အား နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကဒါရပ်ကွက် သို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။

မုဒုံမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရန် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ယခုနှစ် မိုးရာသီ သီးနှံများစိုက်ပျိုးရာ၌ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် သီးနှံအထွက်နှုန်းကောင်းမွန်စေရန်အတွက် လယ်ယာမြေထွန်ယက် ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။

မုဒုံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများ၌ ဆောင်ရွက်သည်။
Subscribe to မွန်ပြည်နယ်