မွန်ပြည်နယ်

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံ ပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတ တိုးပွားစေရေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက အ.လ.က(ခွဲ) ဒုံကနီ၌ ပြုလုပ်သည်။

ပေါင်မြို့နယ်၌ ရွှေအထွေထွေစီးပွားရေးလုပ်ငန်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ရွေးချယ် တင်မြှောက်ပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရွှေအထွေထွေစီးပွားရေးလုပ်ငန်းပေါင်းစုံ သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ရွေးချယ် တင်မြှောက်ပွဲကို ဇွန်လ ၁၃ ရက်နေ့ညနေ ၃ နာရီက မြို့နယ်သမဝါယမ အသင်းစုအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျိုက်မရော မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး​နေ့အထိမ်း အမှတ်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေး အသိပညာပေး ဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့မွန်းလွဲ ၁ နာရီက အ.မ.က (ကျောင်းသစ်)၌ ပြုလုပ်သည်။

သထုံမြို့နယ် ပေါ်တော်မူကျေးရွာ မူလတန်းလွန်ကျောင်း၌ ခွေးရူးရောဂါအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပြီး ကျောင်းသား၊ ကျောင်းသူများအား နွားနို့တိုက်ကျွေး

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပေါ်တော်မူကျေးရွာ အခြေခံပညာမူလတန်း‌လွန်ကျောင်း၌ ခွေးရူးရောဂါအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကြက်ဥနှင့် နွားနို့အာဟာရများ တိုက်ကျွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ဘီးလင်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ လိုက်လံဆောင်ရွက်

မွန်​ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သောနေရာများအား လိုက်လံစစ်ဆေး၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကန်သာယာရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းလိုက်လံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌မုန်တိုင်း ဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်

မွန်ပြည်နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄ခုနှစ် မုန်တိုင်း ဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ဇွန်လ (၁၄) ရက်နေ့နံနက်ပိုင်းက မုတ္တမကျေးရွာ၊အမှတ် (၆) နယ်မြေ၊ မြင်းတပ်ရပ်၌ ပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေးပေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နှင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ဘင်လှိုင်အောက် အခြေခံပညာ မူလတန်းကျောင်း၌ ဆောင်ရွက် ခဲ့ကြ‌သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၄ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အခမ်းအနား စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ သွေးသန့်/ သွေးလှူရှင်များ တက်ရောက်ခဲ့သည်။
Subscribe to မွန်ပြည်နယ်