မွန်ပြည်နယ်

ကျိုက်ထိုမြို့ မူလွန်အောင်မင်္ဂလာ-၂ ကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ တောင်ပိုင်းရပ်ကွက်ရှိ မူလွန် (အောင်မင်္ဂလာ-၂) ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေနှင့် ဗလာစာအုပ်များ ပေးအပ်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေနှင့် ဗလာစာအုပ်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်အစိုးရအဖွဲ့ရုံးရာမညခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မုဒုံမြို့၌ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် လက်ရက်ကန်းသင်တန်း (ဒုတိယအကြိမ်) ဖွင့်လှစ်မည်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် လက်ရက်ကန်း (၆) လသင်တန်း ဒုတိယအကြိမ်ကို ဇူလိုင် ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။

မုဒုံမြို့၌ မိုးစပါးမျိုးစေ့ချ ကိရိယာ Seeder ဖြင့် တိုက်ရိုက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် ကျောက်တလုံးကျေးရွာအုပ်စုတွင်  မိုးစပါးမျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် တိုက်ရိုက်စိုက်ပျိုးခြင်း ကွင်းသရုပ်သပြပွဲကို ယမန်နေ့က တောင်သူ ဦးသန်းထိုက် ကွင်းအမှတ် (၈၂၈) လယ်ယာမြေ၌ ကျင်းပသည်။

မွန်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းဖွင့်ပွဲနှင့် Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ ပထမနှစ်၊ ဒုတိယနှစ် သင်တန်းဖွင့်ပွဲနှင့် ၂ဝ၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် သင်တန်းပြီးမြောက် အောင်မြင်ခဲ့သော သင်တန်းသား/သူများအား Certificate in Business Accounting အောင်လက်မှတ် ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းခန်းမ (ရာမညဆောင်)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ပေါင်မြို့နယ်၌ စိန်ပန်းစျေး​သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် စိန်ပန်းစျေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ယမန်နေ့နံနက်(၁၁)နာရီက မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မုဒုံမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးဟောပြောခြင်း၊ နံရံကပ်စာစောင် ပြသခြင်းများကို ယနေ့ မွန်းလွဲ (၁) နာရီက အ.လ.က (သင်္ဘောဦး)၌ ပြုလုပ်သည်။

သံဖြူဇရပ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာဖတ်ဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာသုတေသီဘုန်းမြင့်သွေး ရေးသားသော “သင့်ဘဝအောင်မြင်ရေးလှေကားထစ်များ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်သည်။

ကျိုက်ထိုမြို့ အ.မ.က(အောင်ချမ်းသာ)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက ကျိုက်ထိုမြို့၊ ကံ့‌ကော်ရပ်ကွက်ရှိ အ.မ.က(အောင်ချမ်းသာ)ကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

မုဒုံမြို့ရှိ ကျေးရွာသုံးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေး

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ယနေ့နံနက်ပိုင်းက ကော့လှ၊ ကော့ခပုံ၊ ကော့ခိုက် ကျေးရွာသုံးရွာ၌ ထုတ်ချေးပေးသည်။
Subscribe to မွန်ပြည်နယ်